Open Daily: 9 AM - 8 PM
Call us: +95 (9) 250 822 008
e-mail: info@smileupdentalcaremm.com

Benefits of Airflow Treatment

Blog
October 2, 2021 Hap Eye No Comments

Benefits of Airflow Treatment

ကျနော်တို့ရဲ့ သွားတွေမှာ ကပ်နေတဲ့ သွားကျောက်တွေဟာ အင်မတန်မှ စိတ်ပျက်စရာကောင်းလှပါတယ် … သွားကျောက်တွေဟာ ခံတွင်းနံ့ကို ဆိုးဝါးစေသလို … သွားခံတွင်းဆိုင်ရာ ရောဂါတွေကိုလဲ ဖိတ်ခေါ်နေတတ်ပါတယ်။

ဒီလိုမျိုး သွားကျောက်တွေကို သန့်စင်ဖယ်ရှားဖို့ဆိုရင် ပုံမှန် ကျောက်ခြစ်ခြင်း (Scaling) ကုသမှုနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ကျောက်ခြစ်ကုသမှု တွေမှာ တွေ့ကြုံရတဲ့ နာကြင်ခြင်းတွေကြောင့် ကျောက်ခြစ်ရတာကို စိုးရိမ်ထိတ်လန့်နေတတ်ကြပါတယ်။

Switzerland နိုင်ငံထုတ် EMS Airflow Treatment ကတော့ သွားကျောက်ခြစ်နေတဲ့အချိန်အတွင်းမှာ ခံစားရမယ့် နာကြင်မှုတွေကို သက်သာစေအောင် ခေတ်မှီနည်းပညာတွေနဲ့ ကုသမှုပေးတဲ့ Scaling Treatment ပဲ ဖြစ်ပါတယ်။

Switzerland နိုင်ငံထုတ် EMS Airflow Treatment ရဲ့ အကျိုးကျေးဇူးတွေဟာဆိုရင်ဖြင့် …
1) သွားကျောက်တွေကို ပိုမိုမြန်ဆန် လွယ်ကူစွာဖယ်ရှားပေးနိုင်ပါတယ်။
2) နာကြင်မှုတွေကို လျှော့ချပေးနိုင်တဲ့ PAIN FREE Treatment ပဲ ဖြစ်ပါတယ်။
3) သွားအခြေထိ ရောက်ရှိစေနိုင်တဲ့အတွက် ဘက်တီးရီးယားနဲ့ အခြားသွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။
4) သွားပိုးစားခြင်း ၊ သွားနဲ့ သွားဖုံးဆိုင်ရာ ရောဂေါတွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
5) Whitening Treatment ပြုလုပ်တဲ့အခါမှာ ပိုမို အကျိုးရှိစေပါတယ်။
6) ကုသမှုအဆင့်ဆင့်ဟာလဲ ကုသမှုခံယူတဲ့သူတွေအတွက် သက်တောင့်သက်သာ ရှီစေပါတယ်။
7) ကုသနေတဲ့ အချိန်အတွင်းမှာလဲ ရေရဲ့ အပူချိန် ကို ချိန်ညှိနိုင်တဲ့အတွက် Sensitive Teeth ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ကလေးတွေ အတွက်လဲ ကုသမှုကို ပေးနိုင်ပါတယ်။
8) သွားကြွေလွှာ (Veneer) ကပ်ထားတဲ့သူတွေ ၊ သွားအတု (Crown) စွပ်ထားတဲ့သူတွေ ၊ သွားတုအတွဲ (Dental Bridges) ပြုလုပ်ထားတဲ့သူတွေနဲ့ သွားမြစ်တု (Implant) စိုက်ထားသောသူတွေလဲ ကုသမှုကို ခံယူနိုင်ပါတယ်။
ဒါကြောင့် တစ်ကြိမ်တစ်ခါ ကုသမှုခံယူရုံနဲ့ ပိုမိုကျန်းမာပြီး ဖြူစင်စေတာကြောင့် သွားကျောက်ခြစ်ကုသမှု ခံယူချင်သူတွေအတွက်တော့ Switzerland နိုင်ငံထုတ် EMS Airflow Treatment ဟာ သင့်တော်တဲ့ကုသမှုပဲ ဖြစ်ပါတယ်။
Smile Up Dental Clinic နဲ့ Smile Up Premium Dental Clinic မှ ကျွမ်းကျင်ဆရာဝန်များမှ လူကြီးမင်းတို့၏ သွားနှင့်ပတ်သတ်သော အခက်အခဲများအား တိကျသေချာစွာ ဆွေးနွေးတိုင်ပင် ပေးလျက်ရှိတာကြောင့် ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဖို့ သတင်းကောင်းပါအပ်ပါတယ်။

“Love Your Smile, Love Your Teeth” 🦷