Open Daily: 9 AM - 8 PM
Call us: +95 (9) 250 822 008
e-mail: info@smileupdentalcaremm.com

Clear Aligners & Its Advantages For Stay Home Period

blog2
October 2, 2021 Hap Eye No Comments

Clear Aligners & Its Advantages For Stay Home Period

သွားညှိခြင်းနဲ့ ပတ်သတ်ရင် လူတော်တော်များများဟာ Traditional Braces နဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အခု ဒီဘက်ခေတ်နောက်ပိုင်းမှာ လူငယ် နဲ့ လူလတ်ပိုင်းတွေကြားမှာ ရေပန်းစားလာတဲ့ သွားညှိနည်းပညာတစ်ခုကတော့ Clear Aligner ပဲဖြစ်ပါတယ်။
Clear Aligner ဆိုတာကတော့ အကြည်ရောင် သွားညှိအံကပ် လေးပဲဖြစ်ပါတယ်။ ဒီလို Clear Aligner တွေဟာ ဘယ်လိုမျိုး ကိုယ့် အပြုံးတွေကို ပိုမို တောက်ပစေလဲဆိုတာရယ် အခုလို ကာလမှာ ဘယ်လိုကြောင့် ပိုသင့်တော်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
1) Discreet ( သိသာထင်ရှားမှု မရှိခြင်း)
Clear Aligner ဟာ နာမည်နဲ့လိုက်အောင်ပဲ ကြည်လင်ပါတယ်။ Metal Wires တွေနဲ့ တပ်ဆင်ထားတာ မဟုတ်တဲ့အတွက်ကြောင့် တပ်ထားရင်တောင် တပ်ထားမှန်းမသိသာစေပါဘူး။ ဒါပေမယ့် လုံးဝကြီး မသိသာတာ မမြင်ရတာတော့ မဟုတ်ပါဘူး။ အနီးကပ်ကြည့်ရင်တော့ တပ်ထားတယ်ဆိုတာ သိမှာဖြစ်ပါတယ်။
2) Removable ( ဖြုတ်တပ်ရလွယ်ကူခြင်း)
ပုံမှန် Traditional Braces တွေနဲ့ Clear Aligner တွေမှာ မတူညီတာတခုက ဖြုတ်တပ်ရလွယ်ကူခြင်းပါပဲ။ ဒီလိုဖြုတ်တပ်ရလွယ်ကူခြင်းကြောင့် အစားအစာစားတဲ့ခါပဲဖြစ်ဖြစ် တခုခုသောက်လို့ဖြစ်ဖြစ် သွားတိုက်လို့ပဲဖြစ်ဖြစ် ဖြုတ်ထားလို့ရတာကြောင့် အင်မတန်လွယ်ကူပါတယ်။ တစ်ရက်ကို နာရီ 20 နဲ့ 22 တပ်ရင်လုံလောက်တဲ့ အတွက်ကြောင့် အရေးကြီး Meeting အချိန်မှာလဲ ခေတ္တခဏ ဖြုတ်ထားလို့ရပါသေးတယ်ဗျာ။
3) Easy to Clean ( သန့်ရှင်းရလွယ်ကူခြင်း )
Traditional Braces မှာဆိုရင်တော့ သွားတိုက်ရမလွယ်ကူခြင်းကြောင့် မလိုလားအပ်ပဲ သွားတွေယိုယွင်းပျက်စီးခြင်းကို ဖြစ်တတ်ပါတယ်။ Clear Aligner တွေဟာ ဖြုတ်တပ်ရလွယ်ကူတဲ့အချက်ကြောင့်ပဲ သွားတိုက်သန့်ရှင်းရေးပြုလုပ်ဖို့လွယ်ကူပါတယ်။ ဒါကြောင့် သွားတွေယိုယွင်းပျက်စီးခြင်းကို ကာကွယ်နိုင်ပါသေးတယ်ဗျာ။
4) Comfortable (သက်တောင့်သက်သာရှိခြင်း)
Traditional Braces တွေတပ်ဆင်ထားရင် နှုတ်ခမ်းနဲ့ ပါးတွေမှာ ပွတ်တိုက်နိုင်ပါတယ်။ အခန့်မသင့်ရင် ပွန်းတာတွေဖြစ်တတ်ပါတယ်။ Clear Aligner တွေဟာ သက်တောင့်သက်သာရှိဖို့နဲ့ ချောချောမွေ့မွေ့ဖြစ်ဖို့အတွက်ကိုပဲ ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတာဖြစ်လို့ ပိုပြီးသက်တောင့်သက်သာဖြစ်စေမှာ အမှန်ပါပဲ။
5) Precise (ကုသချိန် တိကျမြန်ဆန်ခြင်း)
Braces တပ်ဆင်သွားညှိခြင်းတွေဟာ အချိန်အတော်အတန်ကြာတတ်ပါတယ်။ ဒါပေမယ့် Clear Aligner နဲ့ သွားညှိကုသခြင်းမှာဆိုရင်တော့ ကုသချိန်ကို ပိုမိုတိကျ စွာသိရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် သွားညှိကုသမှုခံယူပြီးရင် ရရှိလာမယ့် Result ကိုလဲကြိုတင်သိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် Clear Aligner နဲ့သွားညှိကုသမှုကိုခံယူမယ်ဆိုရင်ဖြင့် . . .
1) ဆရာဝန်နဲ့ ရက်ချိန်းမကြာခဏ ယူရန်မလိုခြင်း
2) ပထမတစ်ကြိမ်သာ ဆေးခန်းသို့ လာရောက်ပြီး Treatment Plan ယူဖို့ပဲ လိုခြင်း
3) Treatment Plan ယူပြီး မိမိတို့ အိမ်မှာပဲ Aligner လေးတွေ လဲလှယ်တပ်ဆင်ပေးရုံနဲ့ မိမိတို့ရဲ့ သွားလေးတွေ ညီညာလှပလာမှာပဲဖြစ်ပါတယ်။
 Smile Up Dental Clinic နဲ့ Smile Up Premium Dental Clinic မှ ကျွမ်းကျင်ဆရာဝန်များမှ လူကြီးမင်းတို့၏ သွားနှင့်ပတ်သတ်သော အခက်အခဲများအား တိကျသေချာစွာ ဆွေးနွေးတိုင်ပင် ပေးလျက်ရှိတာကြောင့် ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဖို့ သတင်းကောင်းပါအပ်ပါတယ်။
“Love Your Smile, Love Your Teeth” 🦷